Cover for Way Way Myint's Obituary

Way Way Myint

Mar 25, 1959 — Nov 5, 2024

Amarillo, Texas

ဒေါ်ဝေဝေမြင့်၏ ဘဝမှတ်တမ်း ဖြတ်သန်းရာလမ်း

ဒေါ်ဝေဝေမြင့် ကို မြန်မာနိုင်ငံ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဒိုင်းဝန်းရပ်နေ အဖဦးချစ်ဆိုင်နှင့် 

အမိ ဒေါ်မြ‌ငွေ တို့မှ မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။

(ဦးစိုးရွှေ)+ဒေါ်သန်းရီ ၊ (ဦးသာဒင်)+ဒေါ်ခင်အေးမော် ၊ (ဦးတင်လှ)ဒေါ်ငွေဝင်းခိုင် ဟူသော မွေးချင်းမောင်ညီအစ်မများ၏ အမကြီးတဦးလည်း ဖြစ်ပါသည်၊ ငယ်စဥ်ဘဝတစ်လျောက် မော်လမြိုင်မြို့တွင် ပညာသင်ယင်းနေထိုင် ကြီးပြင်းခဲ့ပြီးနောက် ABSDF မှရဲဘော် ဦးထွန်းလှနှင့် ပါရမီအကြောင်းဆက်ပါ ပေါင်းဖက်မင်္ဂလာပြု၍ အမျိုး ဘာသာ သာသနာအတွက် တွဲလက်

ညီညီ ဆောင်ရွက်ပါရမီ ဖြည့်ခဲ့ပါသည်၊ 

2005-ခုနှစ်တွင် အမေရိကန်မြေသို့ ပြောင်းရွှေ့ တက္ကဆက်ပြည်နယ်၊ အမာရီလိုမြို့ တွင်

အခြေချ နေထိုင်လာခဲ့ကြပါသည်။ အမေရိကန်သို့ရောက်ရှိ နေထိုင်ပြီးနောက်မှာလည်း အမိမြန်မာနိုင်ငံသူ နိုင်ငံသားတို့၏လိုအပ်ချက်များကို ဦးထွန်းလှနှင့် စိတ်စေတနာ 

သဒ္ဓါတူမျှ စွာ နိုင်ရာဝန်ထမ်း ထောက်ပံ့လှူဒါန်း ကူညီခဲ့ကြပါသည်၊

 ဒေါ်ဝေဝေမြင့်သည် ရှင်ပြုရဟန်းခံပေးခြင်းနှင့် ကျောင်းကန်ဘုရား လမ်းတံတား တို့ကိုလည်း မတည်လှူဒါန်း ခဲ့သလို မြန်မာပြည် နှင့် ကမ္ဘာမြေအဝှမ်း အေးချမ်းစေဖို့ ကထိန် ပဌာန်း တတ်စွမ်းသလို ကူညီကြိုးပမ်း လှူဒါန်းခဲ့သူ ပရဟိတ ပရသုခ အကျိုးမြတ်နိုးသူ သာသနာ့ဒါယိကာမတဦး ဖြစ်ပါသည်၊ 

 ဤကဲ့သို့ လှပသော ဘဝမှတ်တမ်းရှိသူ ဒေါ်ဝေဝေမြင့် သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅) ရက်၊

နံနက် ၃-နာရီ၊ ၁၉-မိန်အချိန်တွင် ပါရမီဖြည့်ဖက် ဦးထွန်းလှ နှင့်အတူ လောကသဟာယက၊ ဓမ္မသဟာယက တို့အား ခွဲချန်ထားလျက် လောကဓမ္မ သင်္ခါရသဘောအရ မရဏလမ်းသို့ ဆက်လက်လျောက်လှမ်းထွက်ခွာ သွားခဲ့ပါကြောင်း ဝမ်နည်းစွာ မှတ်တမ်းတင် ဖော်ပြအပ်ပါသည် 

  *** သေခြင်းကို‌ဆောင် ဤကိုယ်ကောင်သည်၊ မရှောင်ညနေ့ သေချိန်စေ့က၊ သေလေ့ဓမ္မတာ အားမနာ၊ မြန်စွာတရားရှာမှပါ တကား ...

To send flowers or plant a memorial tree in memory, please visit our flower store.

Service Schedule

Past Services

Funeral Service

Monday, November 11, 2024

12:00 - 1:45 pm (Central time)

Lagrone Blackburn Funeral Home (Martin Road Chapel)

1505 Martin Rd, Amarillo, TX 79107

Enter your phone number above to have directions sent via text. Standard text messaging rates apply.

Guestbook

Visits: 175

This site is protected by reCAPTCHA and the
Google Privacy Policy and Terms of Service apply.

Service map data © OpenStreetMap contributors

Send Flowers

Send Flowers

Plant A Tree

Plant A Tree