Invite friends and family to read the obituary and add memories.
We'll notify you when service details or new memories are added.
You're now following this obituary
We'll email you when there are updates.
Please select what you would like included for printing:
ဦးမောင်ရွှေသည် မြန်မာပြည်စစ်အာဏာရှင်ကို အကြီးကျယ်ဆုံးစတင်တော်လှန်တိုက်ပွဲဆင်သည့်၈-လေးလုံးပြည်သူ့အရေးတော်ပုံကာလအတွင်း မိမိဇာတိဖြစ်သည့် မွန်ပြည်နယ်၊ သထုံမြို့၌ တက်ကြွစွာပါဝင်လှုပ်ရှားကာ ၁၉၈၈ - စက်တင်ဘာလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုင်းမြန်မာနယ်စပ်လွတ်မြောက်နယ်မြေသို့ မိသာစုနှင့်အတူထွက်ခွာလာခဲ့ပါသည်၊
ထို့နောက် ABSDF ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၉ (နောက်ပိုင်း တပ်ရင်း -၃) တွင်တော်လှန်ရေးတာဝန်များကိုဆက်လက်ထမ်းဆောင်ခဲ့ပါသည်၊ ဇနီးဖြစ်သူဒေါ်ရီလည်း ဒီမိုကရေစီရေးအတွက်ခင်ပွန်းသည်နှင့်အတူတော်လှန်ရေးတာဝန်ကိုကျရာကဏ္ဍမှ ထမ်းရွက်ခဲ့ပါသည်။
၁၉၈၈ မှသည် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းရှိ ‘သံလွင်စခန်း’ မှစတင်ကာ တော်လှန်ရေးတာဝန်များကို ရဲဘော်အဆင့်၊ တပ်စုမှူးအဆင့်တို့ဖြင့် တက်ကြွစွာထမ်းဆောင်းခဲ့ပါသည်။ အဖွဲ့အစည်းကလိုအပ်သလိုပေးအပ်သည့် ကျောင်းသားတပ်မတော် ဗဟိုတရားသူကြီးအဖွဲ့ဝင်တာဝန်၊ ရှေ့တန်းလူထုစည်းရုံးရေးတာဝန်၊ နယ်စပ်ရပ်ရွာပညာပေးရေးတာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။
ဤသို့ ဒီမိုကရေစီတော်လှန်ရေးတာဝန်များကို ၁၉၈၈-မှ ၂၀၀၄-အထိ ၁၆-နှစ်ခန့်ထမ်းဆောင်ကာ ၂၀၀၄-ခုနှစ်တွင် ဇနီး၊ သားနှစ်ယောက်တို့နှင့်အတူ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်သို့ထွက်ခွာ
ခိုလုံခဲ့ပါသည်၊ ထိုမှတဆင့် ၂၀၀၅-ခုနှစ်တွင် တက္ကဆက်ပြည်နယ်၊ အမာရီလိုမြို့သို့ထပ်မံပြောင်းရွေ့ပြီး အတည်တကျအခြေချနေလာခဲ့ယင်း လူမှုရေး၊ ကွန်မြူနီတီအရေး၊ ဘာသာသာသနာရေးကိစ္စများ
ကိုလည်းအားကြိုးမာန်တက် ဆက်လက်လုပ်ကိုင်လာခဲ့ရာမှ ပြီးခဲ့သည့် Oct 30, 2024 ရက်နေ့တွင် အလုပ်ခွင်၌ရုတ်တရက်လဲကျပြီး အသက်ဆုံးပါးဘဝတခြားသို့ ပြောင်းသွားခဲ့ပါသည်။
ယခုအခါ ဇနီးဖြစ်သူဒေါ်ရီနှင့်အတူ သားမောင်အေးကျော်နှင့် မောင်ဝေယံထွန်းတို့ကျန်ခဲ့ပါသည်။
Sunday, November 3, 2024
10:00 am - 6:00 pm (Central time)
Lagrone Blackburn Funeral Home (Martin Road Chapel)
Monday, November 4, 2024
12:00 - 1:00 pm (Central time)
Lagrone Blackburn Funeral Home (Martin Road Chapel)
Visits: 673
This site is protected by reCAPTCHA and the
Google Privacy Policy and Terms of Service apply.
Service map data © OpenStreetMap contributors